Thaisar Logo

Thaisar ထိုင်းစာ

Thai Language Center

Level-1 | အခန်း (၄) စျေးဝယ်ခြင်း (Shopping)

Thaisar - ထိုင်းစာ သင်တန်းကျောင်းမှ ကြိုဆိုပါတယ်! 🛍️

Level-1 အခန်း (၄) "စျေးဝယ်ခြင်း" (Shopping) တွင် ပစ္စည်းဝယ်ခြင်း၊ စမ်းဝတ်ကြည့်ခြင်း၊ အဝတ်အထည်နှင့် အရွယ်အစား (Sizes)၊ အရောင် (၁၅) မျိုးနှင့် သဒ္ဒါ "ต้อง" (ရမည်) / "อยาก" (လိုချင်သည်) များကို စနစ်တကျ လေ့လာနိုင်ပါသည်။

စျေးဝယ် စကားပြော အဝတ်အထည် & ဆိုဒ် အရောင် (၁၅) မျိုး သဒ္ဒါ (ต้อง & อยาก)

စျေးဝယ်ခြင်း စကားပြော (Shopping Dialogue)

ဆိုင်ရှင်နှင့် ဝယ်သူတို့အကြား အပြန်အလှန် စျေးဝယ်စကားပြောများ။

ထိုင်းအသံထွက် နားထောင်ရန် ဘေးရှိ အသံထွက် ခလုတ်ကို နှိပ်ပါရှင်။
ဆိုင်ရှင် (Seller)

ต้องการอะไรคะ

အသံထွက်: တော့(င်)ကန်(န်) အလိုင်(ယ်) ခ

ဘာများ လိုအပ်ပါသလဲရှင့်။

ဝယ်သူ (Customer)

อยากได้เสื้อแจ็คเก็ตครับ

အသံထွက်: ယာ(က်)ဒိုက်(ယ်) စွတ်အာ ကျက်(တ်)ကေ(တ်) ခပ်(ပ်)

ဂျာကင်အင်္ကျီ လိုချင်လို့ပါခင်ဗျ။

ဆိုင်ရှင် (Seller)

ดูได้ค่ะ ลองได้ค่ะ

အသံထွက်: ဒူး ဒိုက်(ယ်) ခ ၊ လော(င်) ဒိုက်(ယ်) ခ

ကြည့်လို့ရပါတယ်ရှင်၊ စမ်းဝတ်ကြည့်လို့လည်း ရပါတယ်ရှင်။

ဝယ်သူ (Customer)

เสื้อตัวนี้ราคาเท่าไหร่ครับ

အသံထွက်: စွတ်အာ့ တူဝါ နီး လားခါ ထောက်(ဝ်)လိုင်(ယ်) ခပ်(ပ်)

ဒီအင်္ကျီ စျေးဘယ်လောက်လဲ ခင်ဗျ။

ဆိုင်ရှင် (Seller)

ห้าร้อยบาทค่ะ มีไซส์ S, M, L ค่ะ

အသံထွက်: ဟာ့လော်(ယီ) ဘာ(တ်) ခ ၊ မီ ဆိုဒ်(ယ်) S, M, L ခ

ဘတ် ၅၀၀ ပါရှင်။ ဆိုဒ် S, M, L ရှိပါတယ်ရှင်။

ဝယ်သူ (Customer)

เสื้อตัวนี้พอดีครับ ผมเอาอันนี้ครับ

အသံထွက်: စွတ်(တ်) တူဝါ နီး ဖောဒီး ခပ်(ပ်) ၊ ဖုန်း(မ်) အောင်(ဝ်) အန်(န်)နီး ခပ်(ပ်)

ဒီအင်္ကျီ ကွက်တိပါပဲ ခင်ဗျ။ ကျွန်တော် ဒါယူပါမယ်။

Notification

Action completed successfully.